မင်းကိုယ်နဲ့ နီးနီးလာတယ်။
အမြဲတမ်း ချိုမြအောင်ပြုံးတတ်တယ်။
အိမ်မက်လှလှလေးတွေပေးတယ်။
ဒီရက်တွေမှာ ကိုယ့်နှလုံးသားက
နိုးမနေ၊ အိပ်ပျော်ပြီးလည်းမနေ
ဘာလုပ်ရမလဲ၊ နှလုံးသားထဲမှာ လှုပ်ရှားနေတယ်။
ကိုယ် အိမ်မက်လှလှလေးမက်တယ်။
အိုး..... ဘယ်လိုခံစားမှုပါလိမ့်။
အာသာမပြေတဲ့ ရေငတ်သလိုမျိုး
ကိုယ်မသိခဲ့ ဒီအချစ်မီး
ကိုယ့် ကို ၀ါးမျိုခဲ့။
ဘယ်သူသိမလဲ တည်ငြိမ်မှုမရှိ
အချစ်စီရောက်တဲ့အခါ
ဘာလုပ်ရမလဲ
ရင်ထဲမှာ လှုပ်ရှားနေတယ်။
ပြည့်ခဲ့ပြီ ကျွန်တော့် ဆုတောင်း
နတ်၊သိကြားသိတယ်
သူ့ကို ဘယ်လောက်ချစ်တာကို
တည်ငြိမ်မှုကို ဘယ်လိုရှာရပါ့
ဒီအခြေအနေကာလမှာ
တစ်ယောက်တည်းထိုင်ပြီးတွေးမိ
သြော် ! သေချာပါပြီ
တစ်ခုခုတော့ဖြစ်နေပြီ
အဲ့ဒါ
အချစ်ဆုံးကို ချစ်လို့မ၀တာပဲ
ဖြစ်လိမ့်မည်။
(ချစ်တတ်တဲ့ အသဲနှလုံးရှိသူတိုင်း ခံစားတတ်ပါစေ။)

1. I Want to God.
2. I Want to Job.
2. I Want to Job.
လောဘပဲဖြစ်ဖြစ်၊ ဒေါသပဲဖြစ်ဖြစ်၊ မောဟပဲဖြစ်ဖြစ်၊ နဂိုမရှိဘူး။ အကြောင်းဆုံမှ ပေါ်လာပြီး ၊ အကြောင်းကုန်တော့ ပျောက်သွားတယ်။ အဲဒီတော့ မရှိတော့ဘူး။ အဲဒီအရာတွေဟာ နဂိုကလည်းမရှိ၊ နောင်လဲမရှိဘဲ အကြောင်းဆုံတုန်းကလေး အခိုက်အတန့်မှာ ရှိတာမဟုတ်လား။ အကြောင်းဆုံရင် ပေါ်လာတဲ့အရာကို ဘယ်လိုကာကွယ်မလဲ၊ ကြိုပြီးကာကွယ်လို့လည်းမရဘူး။
ရောက်မလာသေးတဲ့ ဒေါသကို ဘယ်လိုသတ်မလဲ၊ ပျောက်ပျက်သွားတဲ့ဒေါသကို ဘယ်လိုလိုက်ပြီး သတ်မလဲ၊ ဒေါသဖြစ်တာကို ဖြစ်ရမလားလို့ သိတဲ့အချိန်မှာ ဒေါသဟာ လက်ဦးသွားပြီ၊ သိတဲ့စိတ်ဟာ နောက်ကျနေပြီ။
အေးငြိမ်းမှုပဲဖြစ်ဖြစ်၊ တရားဓမပဲဖြစ်ဖြစ်၊ တည်မြဲမှု မရှိဘူးဆိုရင် တန်ဖိုးမရှိနိုင်ဘူး။ ရိပ်သာထဲမှာ အေးတယ်၊ တောရကျောင်းမှာ အေးတယ်ဆိုတဲ့ အရာဟာ ရိပ်သာအပြင်ဘက်ကို ရောက်သွားလို့ ပူသွားတယ်။ တောရကျောင်းအပြင်ဘက်ကို ရောက်လို့ လောင်သွားတယ်ဆိုရင် အဲ့ဒီအေးငြိမ်းမှုဟာ နေရာဒေသအလိုက် ဖြစ်တဲ့ အေးငြိမ်းမှုပဲဖြစ်တယ်။ အမှန်တကယ်အေးငြိမ်းမှု မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
မဖြစ်သေးသည့် အရာများကို စဉ်းစားလိုက်သည့်အခါ မုချအောင်မြင်ပေလိမ့်မည်။ ဆိုလိုတာက လောလောဆယ် မကောင်းသေးဘူး။ နောင်ရေးကောင်းတယ်။ အခုအနစ်နာခံခြင်းဟာ နောင်ကောင်းစားရန်အတွက် ဖြစ်တယ်လို့ သဘောထားပါ။ တကယ်လည်း ကောင်းလိမ့်မယ်။
ဒီအချိန်မျိုးမှာ မိတ်ဆွေကောင်းဘယ်သူဘယ်ဝါဆိုတာ သိရလိမ့်မယ်။ အဲဒီအချိန်မျိုးမှာ အရေးကြုံသက်လုံကောင်းစေဆိုတဲ့ စကားကို အမှတ်ရနေပါ။
ဒုက္ခကိုခံနိုင်ရည်ရှိအောင် လေ့ကျင့်ခန်းဆင်းတဲ့ သဘောပဲပေါ့။

သင့်တစ်နေ့တာ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ရင် စိတ်ဖိစီးမှုလျော့ကျပြီး သက်သောင့်သက်သာ နေထိုင်သွားနိုင်ပါလိမ့်မယ်။ အဲ့ဒီလို စီမံခန့်ခွဲနိုင်ဖို့ အောက်ပါအချက်အလက်တွေက အထောက်အကူပြုပါလိမ့်မယ်။
အရေးကြီးတာ ဦးစားပေးလုပ်ပါ။
မိမိလုပ်ရမယ့် အလုပ်တွေကို အရေးကြီးတာ(လုပ်ငန်းအတွက် မိမိအတွက် မိသားစုအတွက်၊ဘ၀အတွက်နဲ့)အရေးမကြီးတာဆိုပြီး ခွဲခြားပါ။ အရေးကြီးတာတွေထဲက အရေးအကြီးဆုံးကို အရင်ဆုံး ဦးစားပေးလုပ်ပါ။
အချိန်မဆွဲပါနဲ့။
တချို့အလုပ်တွေက ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ကိုယ်မလုပ်ရင်လည်း ပြီးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အစီအစဉ်ချပြီး လုပ်ဖြစ်အောင် လုပ်လိုက်ပါ။ ပြီးသွားရင် ပေါ့ပါးသွားတဲ့ အရသာ ဘာနဲ့မှမတူပါဘူး။
တစ်ဆင့်ပြီး တစ်ဆင့်လုပ်သွားပါ။
တချို့ အလုပ်တွေဟာ ကြည့်လိုက်ရင် မဖြစ်နိုင်၊မလုပ်နိုင်အောင်ကြီးမားတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ လုပ်နိုင်သလောက်ကစပြီး ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားရင် အောင်မြင်ပြီးမြောက် သွားတာချည်းပါဘဲ။
အစကတည်းက မှန်အောင်လုပ်ပါ။
စပြီးလုပ်ကတည်းက မမှန်ခဲ့ရင် ပြန်ပြင်ရတဲ့ အလုပ်ဟာ အချိန်ကုန်ပြီး လူပင်ပန်းတယ်။ ဒါကြောင့် အလုပ်စလုပ်ခါနီးမှာ အချိန်နည်းနည်း ယူပြီးစဉ်းစားပါ။ အစကတည်းက မှန်မှန်ကန်ကန် ဖြစ်အောင်လုပ်ပါ။
ကိုယ်လိုချင်တာကိုယ်သိပါစေ။
ကိုယ်လိုချင်တာ ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲဆိုတာ အရင်သိအောင်လုပ်ပါ။ သိမှ ဘယ်ကိုဦးတည်ပြီး လုပ်ရမယ်ဆိုတာ ထင်ရှား လာပါလိမ့်မယ်။ ဦးတည်ထားတဲ့ လမ်းကြောင်းမှားနေရင် ဘယ်လောက်အား ထုတ်ထုတ် ဘယ်လောက်မြန်မြန်လုပ်လုပ် အလကားပါ။
တာဝန်လွှဲလို့ရသမျှအကုန်လွှဲ။
အလုပ်တွေအားလုံး ကိုယ်ချည်းပဲ လုပ်ဖို့မဟုတ်ဘူး။ ကိုယ့်လက်အောက်ကလူတွေ လုပ်နိုင်ရင် သူတို့ကိုလွှဲပါ။ မလုပ်နိုင်သေးရင် လုပ်နိုင်လာအောင် လေ့ကျင့်ပေးပါ။ အဲဒီလိုလွှဲနိုင်ရင် ကိုယ်ကပိုအရေးကြီးတာတွေ လုပ်ဖို့ အချိန်ပိုရလာပါလိမ့်မယ်။
ပြီးခဲ့တာကို ပြန်သုံးသပ်၊ အနာဂတ်အတွက် မျှော်မှန်းပြင်ဆင်၊ လုပ်ခဲ့သမျှအားလုံး မှန်ကန်တယ်ဆိုတဲ့လူ ရှားပါတယ်။ ဒါကြောင့် အမှားတွေကနေ သင်ခန်းစာယူပါ။ သင်ခန်းစာတွေအပေါ် မူတည်ပြီး အနာဂတ်အတွက် အစီအစဉ်ဆွဲပါ။ ဘာမှမစီစဉ်ဘဲ ထိုင်နေသူထက် အမြဲတမ်း အရှေ့ရောက်နေပါလိမ့်မယ်။
အရေးကြီးတာ ဦးစားပေးလုပ်ပါ။
မိမိလုပ်ရမယ့် အလုပ်တွေကို အရေးကြီးတာ(လုပ်ငန်းအတွက် မိမိအတွက် မိသားစုအတွက်၊ဘ၀အတွက်နဲ့)အရေးမကြီးတာဆိုပြ
အချိန်မဆွဲပါနဲ့။
တချို့အလုပ်တွေက ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ကိုယ်မလုပ်ရင်လည်း ပြီးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အစီအစဉ်ချပြီး လုပ်ဖြစ်အောင် လုပ်လိုက်ပါ။ ပြီးသွားရင် ပေါ့ပါးသွားတဲ့ အရသာ ဘာနဲ့မှမတူပါဘူး။
တစ်ဆင့်ပြီး တစ်ဆင့်လုပ်သွားပါ။
တချို့ အလုပ်တွေဟာ ကြည့်လိုက်ရင် မဖြစ်နိုင်၊မလုပ်နိုင်အောင်ကြီးမားတယ်လို့